"ပြည်တွင်းရှိ တိရစ္ဆာန်ဥယျာဉ်များ၌ ထိုင်း-မြန်မာ ပူးပေါင်း၍ Master Plan ရေးဆွဲ”

01 Oct

ပြည်တွင်းရှိ တိရစ္ဆာန်ဥယျာဉ်များဖြစ်သော နေပြည်တော် ၊ ရန်ကုန်၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်များအတွက် Master Plan ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲကို "Htoo Zoos & Gardens Business Unit "နှင့် "The Zoological Park Organization (Thiland)" တို့ပူးပေါင်း၍ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှိ Unit office Meeting Roomတွင် စက်တင်ဘာလ ၂၄ ရက်မှ ၂၇ ရက်ထိ ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ Master Plan ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ZPO(Thailand)မှ Dr.Sumate Kamolnorranath၊ Dr. Visit Arsaithamkul နှင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မှ Dr. ထွန်းမြင့်၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) မှ Dr.မြတ်သူ၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) မှ Dr.သော်သော်လွင် တို့နှင့်အတူ ဥယျာဉ်အသီးသီးရှိ တာဝန်ရှိသူများ ပူးပေါင်းပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ(Keeper)များမှ ၎င်းတို့ ထိန်းသိမ်း စောင့်ရှောက်ပေးနေတဲ့ တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်တဲ့ ဗဟုသုတများ၊ အသိပညာအကြောင်းအရာများ၊ တောရိုင်းတိရစ္ဆာန်များရဲ့ နေထိုင်မှုသဘာဝနှင့် သဘာဝဂေဟစနစ်တွင် သက်ရှိများ မှီတည်ချိတ်ဆက်နေမှုတို့ကို အသိပညာပေး ပြောကြားသည့် keeper talk အစီအစဉ်ကိုလည်း လာရောက်လေ့လာလည်ပတ်သူများအတွက် ပြုလုပ်ထားကြောင်း သိရပါတယ်။ (NVS 003)

01 Oct

ADVERTISE HERE .