“ရေလှောင်တမံနှင့် ရေထိန်းတမံများ ကြံ့ခိုင်မှုကောင်းမွန်၍ စိုးရိမ်စရာမရှိ”

01 Oct

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသည့် ရေလှောင်တမံနှင့် ရေထိန်း တမံများ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး စိုးရိမ်ရန်မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း ၁၂ ခုရှိပြီး စက်တင်ဘာလ ၂၉ ရက်မှာ ပေါင်းလောင်းရေလှောင်တမံမှာ ၃ ဒသမ ၉၀ ပေနှင့် ငလိုက်ရေလှောင် တမံမှာ ၀ ဒသမ ၁၀ ပေ ကန်ရေပြည့်အမှတ် အထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ယခင်နေ့နှင့် နှိုင်းယှဉ်ပါက ရေကျော်စီးဆင်းမှုအခြေအနေမှာ လျော့ကျလာကြောင်း သိရပါတယ်။ အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားသော ရေလှောင်တမံ ၂၄၆ ခု အနက်မှ ကန်ရေပြည့်မှတ် အထက်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်စီးဆင်းနေသည့် ရေလှောင်တမံများမှာ ကရင် ပြည်နယ်တွင် ၁ ခု၊ ချင်းပြည်နယ်တွင် ၃ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ခု၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၁ ခု၊ မကွေးတိုင်းဒေသကြီးတွင် ၁၁ ခု၊ မန္တလေးတိုင်းဒေသကြီးတွင် ၄ ခု၊ နေပြည်တော်တွင် ၂ ခု၊ မွန်ပြည်နယ်တွင် ၂ ခု၊ ရခိုင်ပြည်နယ်တွင် ၁ ခု၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃ ခု၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂ ခု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၁ ခုနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ခု စုစုပေါင်း ၄၇ ခုရှိပြီး ယခင်ရေကျော်ခဲ့တဲ့ ရေလှောင်တမံ ၅၀ ခုထက် ၃ ခု လျော့နည်းသွားခဲ့ပါတယ်။ အဆိုပါရေလှောင်တမံများရဲ့ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက် ရှိပြီး တာဝန်ကျဝန်ထမ်းများကို ၂၄ နာရီ ရေကင်းတာဝန်ချထားကာ အနီးကပ်စောင့်ကြပ် စစ်ဆေးလျက်ရှိတာကြောင့် စိုးရိမ်ရန်မရှိဘူးလို့ သိရပါတယ်။ (NVS 003)

01 Oct

ADVERTISE HERE .