“လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)အား (၂၉)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပမည်”

01 Oct

(၂၉)ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ ၈ ရက်မှ ၁၆ ရက် အထိ ကိုးရက်တိုင်တိုင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ် လျက်ရှိတဲ့ လောကချမ်းသာအဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဘုရားဝင်းအတွင်းမှာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ကျင်းပရာမှာ ဆရာတော်သံဃာတော် ၂၇ ပါးတို့ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ သင်္ကန်း၊ ကန်တော့ပွဲနှင့် နဝကမ္မ အလှူငွေများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသွားမှာဖြစ်ပြီး အဘိဓမ္မာခုနစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲအတွက် ပါဝင်လှူဒါန်းလိုသူများအနေနဲ့ မိမိတို့တတ်စွမ်းသမျှအလှူများကို လောကချမ်းသာအဘယလာဘမုနိရုပ်ပွားတော် မြတ်ကြီး ဂေါပကအဖွဲ့ဦးသိန်းဌေး(ရုံးအဖွဲ့မှူး)၊ ဖုန်းနံပါတ် ၀၉-၂၅၉၁၆၁၉၂၅ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)

01 Oct

ADVERTISE HERE .