အစာအိမ်ရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ အစားအစာတွေ
30 Sepဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အစာအိမ်ရောဂါ ဝေဒနာရှင်တွေ စားသုံးပေးသင့်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကန်စွန်းဥက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ၊ ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေတာ ၊ ကိုယ်ခံအားကောင်းစေတဲ့အပြင် အစာအိမ် အစာချေလည်ပတ်မှု စနစ်ကို ကောင်းမွန်စေတဲ့ အတွက် အစာအိမ်ဝေဒနာရှင်များအနေဖြင့် ကန်စွန်းဥကို စားသုံးခြင်းဖြင့် အစာအိမ် ရောဂါကို သက်သာစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ ၊ အူလမ်းကြောင်းကို ကောင်းမွန်တာနဲ့ အစာချေစနစ်ကောင်းမွန်စေတဲ့အတွက် အစာအိမ်ရောဂါကို သက်သာ ပျောက်ကင်းစေပါတယ်။ ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိတ်ဓာတ် ပါဝင်တာကြောင့် ဆီးချိုသွေးချိရောဂါကို သက်သာစေပါတယ်။ ဆီးဝမ်းလည်ပတ်မှု နဲ့ အစားချေစနစ်ကို ကောင်းမွန်စေတဲ့ အတွက် တစ်ရက်ကို ထမင်းစားပြီးချိန်တိုင်း ငှက်ပျောသီးတစ်လုံးစားသုံးပေးခြင်းဖြင့် အစာအိမ်ရောဂါကို သက်သာစေ နိုင်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီသီးတွေ၊ ဘယ်ရီသီး ၊ ပန်းသီး ၊ လိမ္မော်သီး၊ ထောပတ်သီးစတဲ့ အသီးတွေမှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခြောက်သွေ့မှုတွေကို ဖြည့်ဆည်း နိုင်ပြီး အသားရေခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေတဲ့အတွက် အစာအိမ်ဝေဒနာရှင်တွေအနေဖြင့် စားသုံးရန်အသင့်တော်ဆုံး အစားအစာတစ်မျိုုးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အုန်းရည်သောက်သုံးခြင်းဖြင့် အသာအရေကို လှပစေပြီး ရေဓာတ်ဖြည့်သွင်း နိုင်ပါတယ်။ သွေးတိုးကျစေတာနဲ့ အစာချေဖျက်အားကောင်းမွန်စေတဲ့အတွက် အုန်းရည်ကို သောက်သုံးခြင်းဖြင့် အစာအိမ်ရောဂါကို သက်သာစေနိုင်ပါတယ်။ (NVS 003)