ကုန်ဈေးနှုန်းသတင်း ၃၀.၉.၂၀၂၄

30 Sep

စက်တင်ဘာလ ၃၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ပြောင်းဆန်၊ ကုလားပဲနဲ့ ပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေ ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အာလူးဈေးတွေ ဈေးငြိမ်နေပေမယ့် မန်ကျည်းသီးဈေးကတော့ အနည်းငယ် တက်လာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၆,၈၀၃ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၉,၈၂၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၅၅၀ ကျပ်ကနေ ၆,၅၈၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၅၁,၈၇၅ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၈၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၅,၀၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာ ကို ၆,၀၀၀ ကျပ်ကနေ ၆,၃၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၃၁၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ငရုတ်(ဆင်ဖြူကျွန်း) တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၁,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၂၅၀ ကျပ်ကနေ ၂,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၅,၈၀၀ ကျပ်ကနေ ၁၆,၂၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၆,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၅,၅၀၀ ကျပ်၊ ဖျာပုံရွှေပုစွန် တစ်ပိဿာကို ၃၅,၀၀၀ ကျပ်ကနေ ၁၆၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၇၅၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၇၂၀ ကျပ် ဖြစ်နေတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၃၅ ကျပ်၊ မန္တလေးမှာ ၃,၂၁၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၉၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၉၀ ကျပ်၊ မန္တလေးမှာ ၃,၃၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၈၅ ကျပ်၊ မန္တလေးမှာ ၂,၆၆၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၄၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၃၀ ကျပ်၊ မန္တလေးမှာ ၃,၃၁၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၄၁၃,၅၄၀/-) ငါးဆယ် လေးသိန်း တစ်သောင်း သုံးထောင် ငါးရာ လေးဆယ် ကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၄၅၀,၀၀၀ိ/-) ခြောက်ဆယ် လေးသိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

30 Sep

ADVERTISE HERE .