“ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀ ဦးကို တရုတ်နိုင်ငံသို့လွှဲပြောင်းပေးခဲ့”

30 Sep

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများလုပ် ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ ဇူလိုင်လအတွင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၂၀ ဦးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန် မြို့နှင့် မန္တလေးမြို့တို့တွင် တရုတ်နိုင်ငံမှအလိုရှိ တရားခံပြေး ချန်တာဝေ့ ဦးဆောင်တဲ့ ဒုစရိုက်သမားများ ရောက်ရှိ နေပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့ နှင့် ရန်လျန် အပါအဝင် တရုတ်နိုင်ငံသား တရားခံ ၂၀ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

30 Sep

ADVERTISE HERE .