“အိမ်ကွင်းမှာ အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်း”
30 Sepစက်တင်ဘာလ ၃၀ ရက်က ပရီးမီးယားလိဂ်ပွဲစဉ် ၆ နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ မန်ယူအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်မှာ စပါးအသင်းက အိမ်ရှင် မန်ယူအသင်းကို ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲစဉ်မှာ အိမ်ရှင်မန်ယူအသင်းက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် စပါးအသင်းရဲ့ အဓိကကစားသမား ဆွန်ဟောင်မင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ စပါးအသင်းက အိမ်ရှင်မန်ယူအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၃ မိနစ်မှာ ဂျွန်ဆင် က ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ မန်ယူအသင်းက အပြန်အလှန်ကစားခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက် ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အိမ်ရှင်မန်ယူအသင်းက တစ်ယောက်လျော့အနေအထားနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ စပါးအသင်းက အကောင်းဆုံးပုံစံဖြင့် ဖိအားပေးထားနိုင်ခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာ ကူလူဆက်စကီး က ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့သလို စပါးအသင်းအတွက် အနိုင် သေချာစေမယ့် သွင်းဂိုးကို ဆိုလန်ကီ က ပွဲချိန် ၇၇ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ ရမှတ် ၇ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၂)ကို ကျဆင်းသွားခဲ့ပြီး စပါးအသင်းကတော့ ရမှတ် ၁၀ မှတ်နဲ့ အဆင့် (၈)မှာ ဆက်လက်ရပ်တည်နေပါတယ်။ (NVS 008)