“ဝုဗ်အသင်းကို အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်း”

30 Sep

ပြီးခဲ့တဲ့ စနေနေ့ က ကစားခဲ့တဲ့ လီဗာပူးလ်အသင်းက အိမ်ရှင် ဝုဗ်အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းက အိမ်ရှင်ဝုဗ်အသင်းကို အကောင်းဆုံးဖိအားပေးကစားထားနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ဉီးဆောင်ဂိုးကို ကွန်နာတီ က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာ အိမ်ရှင် ဝုဗ်အသင်းက ချေပဂိုးသွင်းနိုင်ခဲ့ပြီး ၅ မိနစ်အကြာမှာပဲ ဆာလတ် က ပင်နယ်တီမှတစ်ဆင့် လီဗာပူးလ်အသင်းကို အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၆ ပွဲကစား၊ ၅ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၁၅ မှတ်ရရှိခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အစောဆုံးအဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ်လ်အသင်းနဲ့ မန်စီးတီးအသင်းတို့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေရလဒ် ဖြစ်ပေါ်ခဲ့ တာကြောင့် မန်စီးတီးအသင်းက အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)

30 Sep

ADVERTISE HERE .