“စက်လှေတစ်စီးနဲ့ ကိုယ်ကျိုးစွန့်ကယ်တင်နိုင်ခဲ့တဲ့ ပေါများ(ခ) မောင်ငြိမ်းမင်းစိုး ကို ဂုဏ်ပြု ဆုငွေပေးအပ်ချီးမြှင့်”

30 Sep

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်ကစတင်ခဲ့သော ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနှင့် ရေဘေးကြုံနေတဲ့ ရွာများမှ ပြည်သူများကို စက်တပ်လှေတစ်စီးနဲ့ ကိုယ်ကျိုးစွန့်ကယ်တင်ခဲ့တဲ့ အသက် ၁၂ အရွယ် ကလေးငယ် ပေါများ(ခ)မောင်ငြိမ်းမင်းစိုး ကို မောင်သစ်ညို(သဘာဝပန်းပုရုပ်မျိုးစုံဖန်တီးရေး)က ဦးဆောင်ကာ စက်တင်ဘာလ ၂၉ ရက်မှာ လယ်ဝေးမြို့နယ်ရှိ Excellent Restuarnt မှာ ဂုဏ်ပြုဆုငွေကျပ်သိန်း ၂၀ ကျော် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၁ ရက် နံနက်ခင်းအချိန်မှာ ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင် ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာမှာ နေထိုင်တဲ့ ကလေးငယ် ပေါများ က ၎င်းရဲ့ဖခင်ဖြစ်သူနှင့်အတူ အောင်သုခရွာမှ လူဦးရေ ၁၃၀၊ ကြို့ပင်တဲစုမှ လူဦးရေ ၂၀ နှင့် ပေါင်းလောင်းတဲစုမှ လူဦးရေ ၁၃ ယောက်ကို ကူညီကယ်ထုတ်ကာ ရွှေပြည်သာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ ကူညီပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အများပြည်သူကို ကူညီရင်း နေအိမ်မျောပါပျက်စီးခဲ့သည့် ကလေးငယ် ပေါများ(ခ)မောင်ငြိမ်းမင်းစိုးကို ဂုဏ်ပြုချီးမြှင့်မှုမှာ ကျပ်သိန်း ၂၀ ကျော်နှင့်အတူ ကျွဲရုပ်လေးတစ်ရုပ် ဂုဏ်ပြုမှု ရရှိခဲ့ပြီး ပေါများကို ထပ်မံ ဂုဏ်ပြု လိုပါက ဖုန်း ၀၉- ၇၈၁၉၅၀၇၆၆၊ ၀၉-၇၆၂၄၀၉၀၀၇၊၀၉-၇၉၅၆၁၉၉၁၈၊ ၀၉-၇၆၃၃၇၆၅၀၉ တို့ကို ဆက်သွယ် နိုင်တယ်လို့ သိရပါတယ်။(NVS 003)

30 Sep

ADVERTISE HERE .