“မိုင်းဆတ် - တာချီလိတ်သွား ဆိုက်ခေါင်တံတား ယာယီဘေလီသံဘောင်တံတား အစားထိုးတည်ဆောက်နေ”

30 Sep

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားကို စက်တင်ဘာလ ၂၇ ရက် မှစတင်ကာ ယာယီဘေလီသံဘောင်တံတားအစားထိုး တည်ဆောက်မှုများ စတင်လုပ်ဆောင်နေတယ်လို့ သိရ ပါတယ်။ အဆိုပါ ဆိုက်ခေါင်တံတားမှာ စက်တင်ဘာလ ၁၀ ရက်က တောင်ကျချောင်းရေကြောင့် ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရတဲ့အတွက် ယာယီဘေလီ သံဘောင်တံတား တည်ဆောက်ပေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒေသခံများအနေနဲ့ ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ ဖောင်ဖြင့် တံတားတစ်ဘက်တစ်ချက်သို့ ကြိုးဖြင့်ဆွဲကာ ဖြတ်သန်းသွားလာနေရတယ်လို့ သိရပါတယ်။ ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလ ၉ ရက်မှ စတင်ကာ မယ်ဆွမ်ချောင်းရေ မြင့်တက်တဲ့အတွက် ချောင်းအနီးရှိ ဒေသခံများရဲ့ လယ်ယာများ ရေဝင်ကာ ပျက်စီးရှုံးဆုံးမှုများလည်း ရှိခဲ့ပါတယ်။ စက်တင်ဘာလ ၂၈ ရက်မှာ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း(ပုန်းထွန်) ရေထပ်မံမြင့်တက်လာပြီး ရပ်ကွက် အချို့နှင့်လမ်းများပေါ်မှာ ရေကြီးရေလျှံမှုအနည်းငယ် ပြန်လည်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။(NVS 003)

30 Sep

ADVERTISE HERE .