နာပိုလီအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တော်‌မီနေး

29 Sep

မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာရခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကနေ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ နာပိုလီအသင်းထံ ရောင်းထုတ်ခံခဲ့ရတဲ့ တော်မီနေး ကတော့ နာပိုလီအတွက် ပထမဆုံးသွင်းဂိုး ရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တော်မီနေး ဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀ ဂိုး သွင်းပေးခဲ့ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းသူတွေထဲ ပါဝင်ခဲ့ပေမယ့် အဲရစ်တန်ဟက်ခ် ကတော့ သူ့ကို ရောင်းထုတ် ခဲ့တာဖြစ်ပါတယ်။ ကိုပါအီတာလီယာဖလားပွဲမှာ ပါလာမိုအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တော်မီနေး ဟာ လူစားဝင်လာပြီးပြီးချင်း ပထမဆုံးထိချက်မှာတင် အသင်းဖော် လူကာကူ ရဲ့ ဖန်တီးပေးမှုကနေ သွင်းဂိုးရယူသွားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

29 Sep

ADVERTISE HERE .