ဂေါ်ဒွန် ကို ၂၀၂၉ ခုနှစ်ထိ သက်တမ်းတိုးနိုင်မည်ဟု နယူးကာဆယ်အသင်းထုတ်ပြန်

29 Sep

နယူးကာဆယ်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီက အဲဗာတန်အသင်းမှ ခေါ်ယူထားသည့် တောင်ပံ ကစားသမား ဂေါ်ဒွန် ကို ၂၀၂၉ ခုနှစ်ထိ စာချုပ်သက်တမ်း ထပ်မံတိုးနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၃ နှစ်ရှိ ဂေါ်ဒွန် အနေနဲ့ နယူးကာဆယ်အသင်းသို့ ရောက်ရှိခဲ့ပြီးနောက် တောင်ပံတိုက်စစ်ပိုင်းတွင် ခြေစွမ်းပြသနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းအတွက် သွင်းဂိုး ၁၂ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၁ ကြိမ်ထိ ပြုလုပ် နိုင်ခဲ့တာကြောင့် ဘောလုံးရာသီကုန်ဆုံးချိန်တွင် အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ ပါတယ်။ လီဗာပူးလ်အသင်းကလည်း ဂေါ်ဒွန် ရဲ့ခြေစွမ်းကို သဘောကျခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကာလက ခေါ်ယူရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် နယူးကာဆယ်အသင်းက ကစားသမားအတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေး တောင်းဆိုခဲ့လို့ သဘောတူညီမှုမရခဲ့ခြင်းဖြစ်ပါတယ်။ နယးကာဆယ်အသင်းက ဂေါ်ဒွန် ကို ကာလရှည်ထိန်းသိမ်းနိုင်ရေးအတွက် နွေရာသီအပြောင်းအရွှေ့ ကာလမှာ ဝင်ငွေထွက်ငွေစည်းမျဉ်းနှင့်ကိုက်ညီရန် အသင်းမှတောင်ပံကစားသမား မင်တက်ဟ် နဲ့ ကွင်းလယ် ကစားသမား အန်ဒါဆန် တို့ကိုရောင်းချခဲ့ပြီး ဂေါ်ဒွန် ကို အနာဂတ်စီမံကိန်းအတွက် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးခဲ့ရာ သဘောတူညီမှုရရှိခဲ့ပါတယ်။(NVS 008)

29 Sep

ADVERTISE HERE .