ယာမယ် အပေါ်ချီးကျူးပြောဆိုလိုက်တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီး

29 Sep

ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး က အသင်းဖော် ယာမယ် က လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး တောင်ပံကစားသမားဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ယာမယ် အနေနဲ့ ဘာစီလိုနာအသင်းအတွက် ၅၉ ပွဲကစားပြီးချိန်တွင် ၁၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်အကယ်ဒမီ လာမာစီယာထွက်ဖြစ်သူ ယာမယ် ဟာ အသက် ၁၅ နှစ် ကတည်းက ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပွဲထွက်ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းအနေနဲ့ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းရဲ့ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသလို ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းမှာလည်း အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။(NVS 008)

29 Sep

ADVERTISE HERE .