ဖာနန်ဒက်စ် ကို ကာကွယ်ပြောကြားခဲ့တဲ့ မန်ယူအသင်းနည်းပြ တန်ဟတ်

28 Sep

အခုနှစ်ဘောလုံးရာသီအစပိုင်းမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိသေးတဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ် အပေါ် မန်ယူအသင်းနည်းပြ တန်ဟတ် က ကာကွယ်ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ် ဟာ အခုရာသီ မန်ယူအသင်းရဲ့ ပွဲစဉ်တိုင်းမှာ ကစားခွင့်ရထားခဲ့ပေမယ့် သွင်ဂိုးမရသေးသလို ဂိုးဖန်တီးမှုလည်း ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုရာသီမှာ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့ ဖာနန်ဒက်စ် ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ ဝေဖန် မှုတွေရှိနေတာဖြစ်ပြီး နည်းပြ တန်ဟတ် ကတော့ သူ့အသင်းခေါင်းဆောင်ရဲ့ ပုံစံကောင်းကို မကြာခင်မှာ ပြန်လည်တွေ့မြင်ရလိမ့်မယ်လို့ ကာကွယ်ပြောကြားသွားခဲ့တာပါ။ ဖာနန်ဒက်စ်ရဲ့ ပုံစံကောင်းပျောက်ဆုံးမှုဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပွဲများစွာကစားပေးခဲ့ရပြီးနောက် အနားယူချိန်နည်းပါးခဲ့တာရဲ့ နောက်ဆက်တွဲ ရလဒ်ဖြစ်တယ်လို့လည်း တန်ဟတ် က ပြောပါတယ်။ အချက်အလက်တွေအရ ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ယူအသင်းအတွက် မိနစ်ပေါင်း ၄,၀၀၀ ကျော် ကစားပေးခဲ့ရပြီးနောက် ယူရို ၂၀၂၄ မှာ ပေါ်တူဂီအသင်းနဲ့အတူ ဆက်တိုက်ကစားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။(NVS 008)

28 Sep

ADVERTISE HERE .