နီကိုဝီလျှံ ရဲ့ ဆုံးဖြတ်ချက်မှန်ခဲ့တယ်လို့ ပြောခဲ့တဲ့ အစ်ကိုဖြစ်သူ အီနာကီ

28 Sep

ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ ညီဖြစ်သူ နီကိုဝီလျှံ ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လို့ အစ်ကိုဖြစ်သူ ဘီလ်ဘာအိုအသင်းတိုက်စစ်မှူး အီနာကီဝီလျံ က ပြောကြား လိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် နီကိုဝီလျှံ ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ စပိန်အသင်းနဲ့ ယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မှာတော့ နီကိုဝီလျှံ ဟာ ဘီလ်ဘာအိုအသင်းမှာပဲ ဆက်ရှိနေခဲ့သလို ရာသီအဖွင့်ပွဲတွေမှာလည်း ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာလို အသင်းကြီးရဲ့ စိတ်ဝင်စားမှုကို ခံရတာက ဂုဏ်ယူစရာကောင်းသလို ဘီလ်ဘာအိုအသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ချက်ကလည်း မလွယ်ကူပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်လို့ အီနာကီဝီလျှံ က ပြောသွားခဲ့တာပါ။ ဒါ့အပြင် ဘီလ်ဘာအိုအသင်းရဲ့ ဥရောပပြိုင်ပွဲတွေမှာ ညီဖြစ်သူ နီကိုဝီလျှံ နဲ့အတူ တွဲဖက်ကစားခွင့် ရနေတဲ့ အတွက်လည်း ပျော်ရွှင်မိတယ်လို့ အီနာကီဝီလျှံ က ပြောခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ယူရိုပြိုင်ပွဲမှာ စပိန်အတွက် ခြေစွမ်းပြခဲ့တဲ့ ယာမယ်နဲ့ ဝီလျှံ တို့ရဲ့ တောင်ပံတိုက်စစ်အတွဲကို အသက်သွင်းဖို့ ကြိုးစားနေတာဖြစ်ပြီး လာမယ့် နွေရာသီမှာ နီကိုဝီလျှံ ကို ခေါ်ယူဖို့အတွက် ထပ်မံကြိုးစားသွားဖွယ် ရှိနေပါတယ်။(NVS 008)

28 Sep

ADVERTISE HERE .