ONE Friday Fights-81 တွင် သန့်ဇင် နှင့် စိုးလင်းဦး တို့ရဲ့ ရှုံးနိမ့်

28 Sep

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၂၇ ရက်၊ ညပိုင်းက ကျင်းပတဲ့ One Friday Fights 81 ဖလိုင်းဝိတ်တန်းပွဲစဉ်မှာ တာခဲရု နဲ့ သန့်ဇင်၊ ဘင်တန်ဝိတ်တန်းပွဲစဉ်မှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိ စိုးလင်းဦး နဲ့ မွေ့ထိုင်းလက်ဝှေ့သမား နာဘီးလ် တို့ ယှဉ်ပြိုင်ထိုးသတ်ရာမှာ နှစ်ဦးစလုံး ရှုံးပွဲတွေ့ကြုံခဲ့တာ ဖြစ်ပါတယ်။ တာခဲရု နဲ့ သန့်ဇင် တို့ရဲ့ ပွဲစဉ်မှာ ဝါရင့်ကစားသမားဖြစ်တဲ့ တာခဲရု ကို သန့်ဇင် က တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမအချီပြီးဆုံးကာနီးမှာ သန့်ဇင် ရဲ့ လက်သီးချက်ထိပြီး လဲသွားခဲ့လို့ တာခဲရု အမှတ်စဉ်ရေခံခဲ့ရပါတယ်။ ဒုတိယအချီမှာတော့ ဝါရင့်ကစားသမားဖြစ်ပြီး ကမ္ဘာ့အဆင့်ကစားသမားဖြစ်တဲ့ တာခဲရု အနေနဲ့ လျင်မြန်တိကျတဲ့ ထိုးချက်တွေနဲ့ တိုက်စစ်ဖွင့်ကစားခဲ့လို့ သန့်ဇင် အနေနဲ့ အထိနာခဲ့ပြီး အလဲထိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဘင်တန်ဝိတ်တန်းပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိ စိုးလင်းဦး နဲ့ မွေ့ထိုင်းလက်ဝှေ့ကစားသမား နာဘီးလ် တို့ ဆက်လက်ယှဉ်ပြိုင်ခဲ့ချိန်မှာ နာဘီးလ် က သူ့ရဲ့ မြင့်မားတဲ့အရပ်ကြောင့် စိုးလင်းဦး အနေနဲ့ ယှဉ်ပြိုင်ဖို့မှာ အခက်အခဲတွေ့နေခဲ့ရပါတယ်။ နာဘီးလ် က စိုးလင်းဦး ကို ဒူးတိုက်ချက်၊ လက်သီးချက်တွေနဲ့ အနိုင်ယူဖို့ကြိုးစားခဲ့ပေမယ့် ပွဲစဉ်ပြီးဆုံးချိန်ထိ စိုးလင်းဦး က ယှဉ်ပြိုင်နိုင်ခဲ့လို့ နာဘီးလ် က အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။(NVS 008)

28 Sep

ADVERTISE HERE .