“ပေါင်ဒဏ်ရာကြောင့် ၃ ပတ်ခန့်အနားယူရမယ့် အမ်ဘာပေ”
27 Sepရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေ က အလာဗတ်စ်အသင်းနှင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ဒဏ်ရာကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်ကစားမယ့် မက်ဒရစ်ဒါဘီပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ၃ ပတ်ခန့် အနားယူရဖွယ် ရှိတယ်လို့ သိရပါတယ်။ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေ က စက်တင်ဘာလ ၂၅ ရက်မှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ် ရီးရဲလ်အသင်း နှင့် အလာဗတ်စ်အသင်းပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် ဒုတိယသွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဘာပေ က ဘယ်ခြေထောက် မသက်မသာဖြစ်ကာ လူစားလဲရန်တောင်းဆိုခဲ့တာကြောင့် ပွဲချိန်မိနစ် ၈၀ မှာ အာဒါဂူလာ နှင့် လူစားလဲခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီ က ပွဲအပြီးမှာ ဘာပေအနေနဲ့ အသေးစားဒဏ်ရာရခြင်းသာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ကလပ်အသင်းဆရာဝန်များရဲ့ စစ်ဆေးမှုအရ ဒဏ်ရာမှာ ထင်မှတ်ထားတာထက် ပြင်းထန်ကြောင်း သိရပါတယ်။ (NVS 008)
27 Sep