“အထူးကုဆရာဝန်နှင့်ပြသရန်အတွက် စပိန်နိုင်ငံကို သွားရောက်ခဲ့တဲ့ ရိုဒရီ”

27 Sep

ဒူးအရွတ်ဒဏ်ရာရရှိထားတဲ့ မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီ က အထူးကုဆရာဝန်နှင့်ပြသရန် စပိန်နိုင်ငံသို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ စပိန်လက်ရွေးစင်ကစားသမား ရိုဒရီ က အာဆင်နယ်အသင်းနှင့်ပွဲစဉ်မှာ ညာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၂၁ မိနစ်မှာပင် လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။ ရိုဒရီ အနေနဲ့ မန်ချက်စတာမြို့မှာ ကနဦးစစ်ဆေးမှု ပြုလုပ်ပြီးနောက် အထူးကုဆရာဝန်နှင့်ပြသရန် စပိန်နိုင်ငံသို့သွားရောက်ခဲ့တာ ဖြစ်တယ်လို့ မန်စီးတီးအသင်းက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ရိုဒရီအနေနဲ့ အဆိုပါဒဏ်ရာကို ခွဲစိတ်ကုသမှုလုပ်ရခြင်းရှိမရှိ အတိအကျမသိရသေးပေမယ့် ငါးလမှ ရှစ်လခန့် အနားယူရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ (NVS 008)

27 Sep

ADVERTISE HERE .