“ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားများကို နေရပ်သို့ ပြန်လည်ပို့ဆောင်”

27 Sep

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးတဲ့ မြန်မာနိုင်ငံသား ၁၂၇ ဦးကို စက်တင်ဘာလ ၂၆ ရက် မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် စစ်ဆေးခြင်းနှင့် အသိပညာပေးမှုများလုပ်ဆောင်ခဲ့ကြပြီး၊ ကိုဗစ်ရောဂါ သံသယရှိသူများကို စောင့်ကြည့်ရေးစင်တာမှာ ယာယီထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကိုဗစ်သံသယ မရှိသူများကို ၎င်းတို့နေရပ်သို့ ပြန်လည်ရောက်ရှိရေး ကော့သောင်းမြို့တာဝန်ရှိသူများက ဆက်လက်စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

27 Sep

ADVERTISE HERE .