ကုန်ဈေးနှုန်းသတင်း ၂၆.၉.၂၀၂၄

26 Sep

စက်တင်ဘာလ ၂၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ပဲစင်းငုံနီဈေး ဆက်တိုက် ကျဆင်းနေသလို ကုလားပဲနဲ့ အာလူးဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲဈေးကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ မန်ကျည်းသီဈေးတွေ ဈေးငြိမ်နေ ပေမယ့် အာလူးဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၈,၂၅၀ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၄၁,၂၆၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၆၃၀ ကျပ်ကနေ ၆,၇၃၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၅၄,၂၈၅ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၈၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၅,၀၈၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၆၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာ ကို ၆,၀၀၀ ကျပ်ကနေ ၆,၃၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၃၁၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၆၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ငရုတ်(ပန်းရဲ) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၁၈,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၆,၈၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၅,၁၀၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၈၂၀ ကျပ် ဖြစ်နေတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၆၀ ကျပ်၊ မန္တလေးမှာ ၃,၁၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၁၅ ကျပ်၊ မန္တလေးမှာ ၃,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၇၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၅ ကျပ်၊ မန္တလေးမှာ ၂,၆၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၃၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၃၅ ကျပ်၊ မန္တလေးမှာ ၃,၃၁၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၄၀၇,၉၄၅/-) ငါးဆယ် လေးသိန်း ခုနစ်ထောင် ကိုးရာ လေးဆယ် ငါးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၈၇၀,၀၀၀ိ/-) ခြောက်ဆယ် ရှစ်သိန်း ခုနှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

26 Sep

ADVERTISE HERE .