“ကိုမိုအသင်းမှ ပြင်သစ်ကစားသမား ဗာရန်း ကစားသမားဘဝမှ အနားယူ”

26 Sep

စီးရီးအေကလပ် ကိုမိုအသင်းမှာ ကစားနေတဲ့ အသက် ၃၁ နှစ်အရွယ် ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်း ဟာ ကစားသမားဘဝမှ အနားယူခဲ့ပြီဖြစ်ကြောင်း သူ့ရဲ့ Instagram မှတစ်ဆင့် အတည်ပြုကြေညာခဲ့ပါတယ်။ ပြီးခဲ့သည့်နွေရာသီကမှ ကိုမိုအသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ရောက်ရှိလာသူ ဗာရန်း အနေနဲ့ အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ ဆမ်ဒိုးရီးယားနဲ့ ကိုပါအီတာလီယာပွဲစဉ်မှာ ၂၃ မိနစ်သာ ကစားခဲ့ရပြီးနောက် ဒူးဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဗာရန်း ရဲ့ ကစားသမားဘဝမှာ နာမည်ကြီးကလပ်အသင်းများဖြစ်တဲ့ ရီးရဲလ်အသင်းနဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့ပြီး ရီးရဲလ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်း တို့နဲ့အတူ အောင်မြင်မှုများစွာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ (NVS-008)

26 Sep

ADVERTISE HERE .