“ဝင်ဘယ်ဒန်အသင်းရဲ့ကွင်း ပြုပြင်ရန် နယူးကာဆယ်အသင်းမှ ပေါင် ၁ သောင်းခွဲလှူဒါန်း”

26 Sep

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ရေလွှမ်းမိုးမှုကြောင့် ဝင်ဘယ်ဒန်အသင်းရဲ့ အိမ်ကွင်းဟာ ကြီးကြီးမားမား ပျက်စီး သွားခဲ့ရပါတယ်။ သတင်းတွေအရ ဝင်ဘယ်ဒန်အသင်းရဲ့ ကွင်းအနားမှာရှိတဲ့ မြစ်ရဲ့ကမ်းပါးတွေဟာ ကျိုးပဲ့သွားပြီး ရေတွေဝင်ရောက်ခဲ့ရာကနေ ကွင်းတစ်ခုလုံးပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းထဲမှ ရေလီတာပေါင်း ၁ သိန်း ကျော် စုပ်ထုတ်ခဲ့ရပြီး မြက်ခင်းပြင်တစ်ခုလုံးဟာ ပျက်စီးသွားခဲ့ရပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၂၅ ရက်မှာ ကစားမယ့် ကာရာဘောင်ဖလားပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီး အောက်တိုဘာလ ၁ ရက်တွင် စိန့်ဂျိန်းပတ်ခ်ကွင်းမှာ ကစားဖို့အတွက် သတ်မှတ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းကလည်း ပြိုင်ဘက်ဖြစ်တဲ့ ဝင်ဘယ်ဒန်အသင်းရဲ့ကွင်း ပြုပြင်ဖို့အတွက် အလှူငွေ ပေါင် ၁ သောင်းခွဲကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ (NVS-008)

26 Sep

ADVERTISE HERE .