“ကယားပြည်နယ်အတွက် ကျပ်သိန်း ၅,၀၀၀ နဲ့ စားသောက်ကုန်ပစ္စည်းတွေ ကိုယ်တိုင်သွားရောက်မျှဝေလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ”

26 Sep

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ဘီလူးချောင်းရေကြီးမှုကြောင့် နေအိမ်များနစ်မြုပ်ခဲ့သည့် ရေဘေးသင့်ပြည်သူများကို ပရဟိတလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ က ကျပ်သိန်း ၅,၀၀၀ နဲ့ စားသောက်ကုန်ပစ္စည်းများကို စက်တင်ဘာလ ၂၅ ရက်တွင် ကိုယ်တိုင်သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လှူဒါန်းမှုအတွက် သူမကိုယ်တိုင် ကယားပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးနစ်မြုပ်မှုများကို လေ့လာခဲ့ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးမှု တွေ့ကြုံခံစားကြသူတွေအတွက် အထောက်အကူဖြစ်စေရန် အိမ်ထောင်စု တစ်စုကို ကျပ် ၁၀ သိန်းနှုန်းနဲ့ အိမ်ခြေ ၅၀၀ အတွက် ကယားပြည်နယ်အတွက် ကျပ် သိန်း ၅,၀၀၀ နဲ့ ပစ္စည်းများ မျှဝေကူညီခဲ့ကြောင်းနှင့် လှူဒါန်းမှုအတွက် ပီတိကုသိုလ်များပွားများနိုင်ကြပါစေလို့ သရုပ်ဆောင် ခိုင်နှင်းဝေ က ပြောထားပါတယ်။ လွိုင်ကော်မြို့နယ်တွင် ရေကြီးနစ်မြုပ်နေမှု ဖြစ်ပေါ်နေသည်မှာ ၁၀ ရက်ခန့် ကြာမြင့်နေပြီဖြစ်ပြီး အထက်က လာတဲ့ရေများက ဘီလူးချောင်းအတွင်းသို့ စီးဝင်ပြီးနောက် လူနေထိုင်ရာ ရပ်ကွက်များအတွင်း ဝင်ရောက်ပြီး ရေကြီးမှု ဖြစ်ပေါ်နေကာ နောက်ထပ်ခြောက်လက်မခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦး ထံမှ သိရပါတယ်။ လွိုင်ကော်မြို့၌ ရေကြီးရေလျှံမှု အဆိုးဆုံးဖြစ်ပေါ်လျက်ရှိတဲ့ ရပ်ကွက်နှင့် ကျေးရွာများမှာ ဒေါနိုးကူးရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ ရှမ်းစုရပ်ကွက်၊ မင်းစုရပ်ကွက်နှင့် နန့်ကော်၊ ရွှေတောင်နှင့် ရှမ်းပိုင် ကျေးရွာများဖြစ်ကြောင်း သိရပါတယ်။ (NVS-003)

26 Sep

ADVERTISE HERE .