“ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက်တွင် ရုပ်လုံးသွင်းတိရစ္ဆာန်မျိုးစိတ်များ အခမဲ့လာရောက် လေ့လာ နိုင်”

26 Sep

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ သဘာဝသမိုင်းပြတိုက်တွင် သေဆုံးပြီးတိရစ္ဆာန်တွေကို ရုပ်လုံးသွင်းပြသ ထားပြီး ရုပ်လုံးသွင်းထားတဲ့ တိရစ္ဆာန်တွေက ရှားပါးမျိုးစိတ်တွေဖြစ်ပြီး သဘာဝသမိုင်းပြတိုက်အတွင်းမှာ အမျိုး အစား လေးမျိုးခွဲခြားပြီး ပြသထားတယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်လုံးသွင်းပြသထားသည့် တိရစ္ဆာန်ရုပ်များတွင် နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၇၅ မျိုး၊ ရုပ်လုံးသွင်း ကျေးငှက်သတ္တဝါမျိုးစိတ်ပေါင်း ၂၀၂ မျိုး၊ ရုပ်လုံးသွင်း တွားသွားသတ္တဝါမျိုးစိတ်ပေါင်း ၂၂ မျိုးနဲ့ ရုပ်လုံးသွင်း ကုန်းနေ ရေနေနဲ့ ကျောရိုးမဲ့သတ္တဝါ မျိုးစိတ်ပေါင်း ၃၄ မျိုးတို့ကို စုစည်းပြသထားပါတယ်။ ပြတိုက်အတွင်း ရုပ်လုံးသွင်းပြသထားတဲ့ ကောင်ရေစုစုပေါင်း နို့တိုက်သတ္တဝါ ၁၄၅ ကောင်၊ ကျေးငှက်သတ္တဝါ အကောင်ရေ ၃၅၀၊ တွားသွားသတ္တဝါ ၄၂ ကောင်နဲ့ ကုန်းနေရေနေနဲ့ ကျောရိုးမဲ့သတ္တဝါ ၅၄ ကောင်ကို ပြသထား ပါတယ်။ သဘာဝသမိုင်းပြတိုက်ကို ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာ တည်ထောင်ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် နံနက် ၈ နာရီ ကနေ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားကာ ဝင်ကြေးအခမဲ့ဖြင့် လာရောက်လည်ပတ်လေ့လာနိုင်ကြောင်း သိရပါတယ်။ (NVS-003)

26 Sep

ADVERTISE HERE .