“တာစတီဂန် ရဲ့ဒဏ်ရာ ခွဲစိတ်မှုအောင်မြင်”
25 Sepပြီးခဲ့တဲ့တစ်ပတ်က ဘာစီလိုနာအသင်းက ဗီလာရီးရဲလ်အသင်းကို ၅ဂိုး၊ ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမား တာစတီဂန် ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရာမှာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ တာစတီဂန် ဟာ ဒဏ်ရာခွဲစိတ်မှုက အောင်မြင်သွားခဲ့ပေမယ့် ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ၈ လခန့် အနားယူ ရတော့မယ်လို့ သတင်းတွေက ဆက်လက်ဖော်ပြခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့အားထားရတဲ့ အဓိကဂိုးသမားတစ်ယောက်ကို ၈ လနီးပါး အနားယူရတောမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာအသင်းအနေနဲ့ အသင်းမှာအရန်ဂိုးသမားတွေရှိပေမယ့် ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့အတွက် ဂိုးသမားသစ်တစ်ယောက်ကို ခေါ်ယူဖို့ဆုံးဖြတ်ထားတယ်လို့ လည်း သိရပါတယ်။ (NVS 008)
25 Sep