“မန်ဒီ ကို စာချုပ်သစ်ချုပ်ဆိုမယ်လို့ဆိုတဲ့ နည်းပြ အန်ဆလော့တီ”

25 Sep

ရီးရဲလ်နည်းပြ အန်ဆလော့တီက အသင်းရဲ့ဘယ်နောက်ခံကစားသမား မန်ဒီ ကို စာချုပ်သစ်ချုပ်ဆိုသွားမှာ ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ မန်ဒီ ဟာ ရီးရဲလ်အသင်းကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ရောက်နေခဲ့သူဖြစ်ပြီး ဒဏ်ရာ ကြောင့် မကြာခဏ အနားယူခဲ့ရပါတယ်။ မန်ဒီ ဟာ အသင်းရဲ့အဓိကကစားသမားအဖြစ် ကစားပေးခဲ့သူဖြစ်တာကြောင့် အခုလိုမျိုး စာချုပ်သစ်ချုပ်ဖို့ကို ရီးရဲလ်အသင်းဘက်က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မန်ဒီ ရဲ့လက်ရှိစာချုပ်က ၂၀၂၅ ခုနှစ် နွေရာသီအထိဖြစ်ပြီး စာချုပ်သစ်အရ မန်ဒီအနေနဲ့ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ နည်းပြ အန်ဆလော့တီကတော့ အသင်းနဲ့အတူ မန်ဒီ ဆက်ရှိနေမှာဖြစ်လို့ ဝမ်းသာမိသလို မန်ဒီဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .