“ဒေးဗစ်ဖလားပြိုင်ပွဲဝင်ရဲ့ စပိန်လူစာရင်းမှာ ပါဝင်လာတဲ့ နာဒယ်”

25 Sep

ဒေးဗစ်ဖလား အသင်းလိုက်တင်းနစ်ပြိုင်ပွဲအတွက် စပိန်အသင်းရဲ့ ကစားသမားစာရင်းမှာ ဝါရင့်တင်းနစ် ကစားသမား နာဒယ် ပါဝင်လာတယ်လို့ သိရပါတယ်။ အဆိုအပါပြိုင်ပွဲကျင်းပရေးက စက်တင်ဘာလ ၂၃ ရက်မှာ စပိန်အသင်းမှာ နာဒယ်ပါဝင်လာတယ်လို့ အတည်ပြုကြေညာခဲ့တာ ဖြစ်ပါတယ်။ စပိန်အသင်းလူစာရင်းမှာ ကမ္ဘာ့အဆင့်(၃) အယ်ကာရက်ဇ်၊ အဂတ်၊ ကာရီနိုဘက်စတာ၊ ဂရန်နိုလာတို့နဲ့အတူ နာဒယ်လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၈ နှစ်အရွယ် နာဒယ် ဟာ ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ နောက်ဆုံးပါဝင်ကစားပေးထား ခဲ့တာဖြစ်ပြီး ပဲရစ်အိုလံပစ် ဒုတိယအဆင့်မှာ ဂျိုကိုဗစ် ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေး အားနည်းမှု ပြဿနာကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရသလို အခုတစ်ပတ် ယှဉ်ပြိုင်ပြီးခဲ့တဲ့ လေဗာဖလားပြိုင်ပွဲဝင် ဥရောပအသင်းလူစာရင်းကနေလည်း နာဒယ် က နုတ်ထွက် ခဲ့ရပါတယ်။ စပိန်တင်းနစ်အသင်းဟာ လာမယ့် နိုဝင်ဘာလ ၁၉ ရက်မှာ ဒေးဗစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အခုနှစ်ကုန်မှာ ကစားသမားဘဝကနေ အနားယူရမယ့် နာဒယ် အတွက် ဒေးဗစ်ဖလားပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးပြိုင်းပွဲလည်း ဖြစ်လာဖွယ်ရှိနေပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .