“ဝင်ဘယ်ဒန်အိမ်ကွင်း ပျက်စီးခဲ့တာကြောင့် ပွဲစဉ်ရွှေ့ဆိုင်းခံရ”

25 Sep

အင်္ဂလန်လိဂ်-တူးကလပ် ဝင်ဘယ်ဒန်အသင်းဟာ အသင်းရဲ့အိမ်ကွင်းပျက်စီးမှုကြောင့် နယူးကာဆယ်အသင်း နဲ့ ပြည်တွင်းဖလားပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ ဝင်ဘယ်ဒန်အသင်းဟာ စက်တင်ဘာလ ၂၄ ရက်မှာ နယူးကာဆယ်အသင်းနဲ့ ကစားဖို့စီစဉ်ထားခဲ့ပေမယ့် အသင်းရဲ့အိမ်ကွင်းက ရုတ်တရက်ပျက်စီးခဲ့တာကြောင့် အခုလို ရွှေ့ဆိုင်းခဲ့ရာတာ ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံအတွင်းမှာ အခုတစ်ပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဝင်ဘယ်ဒန်အသင်းရဲ့ အိမ်ကွင်းက ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ အသင်းရဲ့အိမ်ကွင်းဟာ သဘာဝဘေးဒဏ်ကြောင့် အခုလိုရုတ်တရက် ပျက်စီးခဲ့ရတာဖြစ်ပြီး နယူးကာဆယ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်အတွက် အချိန်မီ မပြုပြင်နိုင်တာကြောင့် ရွှေ့ဆိုင်းပေး ဖို့အတွက် တောင်းဆိုလိုက်ရတာဖြစ်တယ်လို့ ဝင်ဘယ်ဒန်အသင်းက တရားဝင်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အခုလိုရွှေ့ဆိုင်းလိုက်တာကြောင့် ဝင်ဘယ်ဒန်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပြည်တွင်းဖလား တတိယအဆင့်ပွဲစဉ်ကို လာမယ့်အောက်တိုဘာလ ၁ ရက်မှာ နယူးကာဆယ်အသင်းရဲ့အိမ်ကွင်း စိန့်ဂျိမ်းပတ်မှာ ပြောင်းလဲကစားသွားကြမှာ ဖြစ်ပါတယ်။ (NVS 008)

25 Sep

ADVERTISE HERE .