“ရေဘေးသင့်ကျောင်းများကို အမြန်ဆုံးပြင်ဆင်ကာ အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်လှစ်ရန်တိုက်တွန်း”

25 Sep

ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့ ရေဘေးသင့်စာသင်ကျောင်းများကို အမြန်ဆုံး ပြင်ဆင်ကာ အောက်တိုဘာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ က စက်တင်ဘာလ ၂၃ ရက်မှာ ကျင်းပခဲ့တဲ့ ရေဘေးကြုံတွေ့ခဲ့ရတဲ့ နေပြည်တော်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အချို့ရှိ ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ရေးစခန်းများမှာ ရောက်ရှိနေပြီး နှစ်ဝက်စာမေးပွဲမှာ ဝင်ရောက် ဖြေဆို နိုင်ခြင်းမရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို အစားထိုးပြန်လည်ဖြေဆိုနိုင်ရေးအတွက် စီစဉ်ပေးရန်လည်း မှာကြားခဲ့ပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိရေး၊ ကျောင်းဆောင်၊ စာသင်ခန်းများနှင့် သန့်စင်ခန်းများ သန့်ရှင်းရေး၊ နုန်းများ ဆေးကြောရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးမှာ ပညာရေးဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းတို့က ရေဘေးသင့်ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 003)

25 Sep

ADVERTISE HERE .