“မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများအတွက် တရုတ်နိုင်ငံမှ ယွမ် ၇ သိန်းဖိုးရှိ ထောက်ပံ့ပစ္စည်းများလှူဒါန်း”

25 Sep

ယာဂီမုန်တိုင်းဒဏ်ကြောင့် ရေဘေးသင့်ခဲ့ရတဲ့ မြန်မာပြည်သူများထံ တရုတ်နိုင်ငံက တရုတ်ယွမ် ၇ သိန်း တန်ဖိုးရှိတဲ့ ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာလ ၂၃ ရက်က ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ထောက်ပံ့ပစ္စည်းများကို China Arts and Crafts Association က ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။ ထောက်ပံ့ပစ္စည်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုတွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား သစ်တော၊ သတ္တုနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက် နိုင်မယ့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 003)

25 Sep

ADVERTISE HERE .