“ရေဘေးကြောင့် ‌သေဆုံးသူ ၂၂ ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ ၁၀ သိန်းကျပ်စီပေးအပ်”

25 Sep

မုန်တိုင်းတိုက်ခတ်ခဲ့တဲ့အရှိန်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုမှာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ‌သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ ပျောက်ဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ပါတယ်။ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူများရှိခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်မှ ၁၁ ဦး၊ ပျဉ်းမနားမြို့နယ်မှ ၇ ဦး၊ ဇေယျာသီရိမြို့နယ်မှ ၄ ဦး စုစုပေါင်း ၂၂ ဦးတို့အတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများမှ စက်တင်ဘာ ၂၄ ရက်က မိသားစုဝင်များထံ လက်ရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတစ်ဦးကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ၅ သိန်းကျပ်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၃ သိန်းကျပ်နှင့် နေပြည်တော်ကောင်စီမှ ၂ သိန်းကျပ် စုစုပေါင်း ၁၀ သိန်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ဒါ့အပြင် ရေဘေးကြောင့်‌သေဆုံးခဲ့ရသူများအတွက် ထောက်ပံ့ငွေများကိုလည်း ၎င်းတို့ရဲ့ မိသားစုဝင်များထံ ဆက်လက်ပေးအပ်သွားမှာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့် အိုးအိမ်များပျက်စီးဆုံးရှုံးမှု အခြေအနေများ အပေါ်မူတည်ကာ နိုင်ငံတော်အစိုးရမှ လိုအပ်တဲ့ ထောက်ပံ့ကူညီမှုများ ဆက်လက်ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

25 Sep

ADVERTISE HERE .