“ပြည်နယ်နှင့်တိုင်းဒေသကြီးနှင့် ခရိုင်ရုံးများတွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေပေါင်း ၆ သန်းကျော်ရှိ”

24 Sep

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ ယာဉ်မှတ်ပုံတင်ပေးပြီးဖြစ်တဲ့ ယာဉ်အစီးရေ စုစုပေါင်းမှာ EV ယာဉ်များအပါအဝင် ၆,ဝ၇၁,၆၅၂ စီး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ရာတွင် ယာဉ်အမျိုးအစားအလိုက် ပိုင်ဆိုင်မှုစာရင်းတွင် အစိုးရနှင့် ပုဂ္ဂလိကဟူ၍လည်းကောင်း၊ သုံးစွဲသည့်လောင်စာဆီအရလည်းကောင်း စာရင်းပြုစုထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ယာဉ်အမျိုးအစားများမှာ လူးစီး၊ ခရီးသည်တင်၊ ကုန်တင် ဝန်ပေါ့/ဝန်လေး၊ နှစ်ဘီး/သုံးဘီးတပ်ယာဉ်၊ စက်ယန္တရား၊ EV ယာဉ် စတဲ့ ယာဉ်အမျိုးအစား များခွဲခြားကာ မှတ်ပုံတင်ခြင်းမျာပြုလုပ်ပေးလျက်ရှိပါတယ်။ မှတ်ပုံတင်ပြီးသည့် စာရင်းများအရ လူစီးယာဉ် ၆၂၈,၈၈၂ စီး၊ ခရီးသည်တင်ယာဉ် ၂၇,၂၂၃ စီး၊ ကုန်တင်(ဝန်ပေါ့) ၃၇၅,၃၁၆ စီး၊ ကုန်တင်(ဝန်လေး) ၄၈,၇၆၂ စီး၊ အခြားယာဉ် ၁ဝဝ,၂၆ဝ စီး၊ စုစုပေါင်း ၁၁၈ဝ,၄၄၄ စီး ဖြစ်ရာ ၄င်းတို့အနက် ဓာတ်ဆီသုံးယာဉ် ၆၇၇,၉၂၆ စီး၊ ဒီဇယ်ဆီသုံးယာဉ် ၄၈၀,၉၁၂ စီး၊ CNG သုံးယာဉ် ၁၂,၇၀၀ စီး၊ LPG သုံးယာဉ် ၉၁ စီး၊ EV လူစီး ၄,၈၇၁ စီး၊ EV ဝန်ပေါ့ ၂၁ စီး နှင့် HV သုံးယာဉ် ၃,၉၂၃ စီး ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ဘီးတပ်ယာဉ် အစီးရေ ၄,၇၂၉,၃၄၅ စီး၊ သုံးဘီးယာဉ် ၁၁၂,၄၉၈ စီး၊ ထော်လာဂျီယာဉ် ၂၃,၇၇ဝ စီး တို့အပြင် စက်ယန္တရားယာဉ် ၂,၇၂၆ စီးနှင့် နောက်တွဲယာဉ် ၂၂,၈၆၉ စီး တို့ဖြစ်ပြီး ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ တိုင်းဒေသကြီး ပြည်နယ်နှင့် ခရိုင်ရုံးများတွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ စုစုပေါင်း ၆,ဝ၇၁,၆၅၂ စီး ရှိပြီဖြစ် ကြောင်း သိရပါတယ်။ (NVS-004)

24 Sep

ADVERTISE HERE .