“တောင်သမန်တံတားနှင့်အင်းသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွား များပြားလျက်ရှိ”

24 Sep

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး တောင်သမန်တံမန်တံတားနှင့်အင်းသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ များပြားလျက်ရှိနေကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစားလည်ပတ်သည့် နေရာအများအပြားရှိသည့် အနက် တောင်သမန်တံတားနှင့်အင်းမှာ ပြည်တွင်း၊ ပြည်ပခရီးသွားများ လည်ပတ်မှုများသည့် နေရာတစ်ခုဖြစ်တာ ကြောင့် တောင်သမန်တံတားနှင့်အင်းသို့ ယခုလက်ရှိမှာ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြား နေပါတယ်။ အဆိုပါ တောင်သမန်တံတားနှင့်အင်းသို့ စက်တင်ဘာလ ပထမပတ်က လာရောက်လည်ပတ်ခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဦးရေမှာ တစ်ရက်လျှင် ဦးရေ ၆၀၀ ကျော်သာရှိခဲ့သော်လည်း စက်တင်ဘာလ ဒုတိယပတ်မှစတင်ပြီး လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားဦးရေမှာ တစ်ရက်လျှင် ဦးရေ ၁,၅၀၀ ကျော် အထိရှိလာ ကြောင်း သိရပါတယ်။ ဒါ့အပြင် တောင်သမန်အင်းအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများအနေနဲ့ နေဝင်ဆည်းဆာအလှကို ငှက်လှေ များဖြင့် ကြည့်ရှုနိုင်ရန်အတွက်လည်း ငှက်လှေ အစီးရေ ၅၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိနေပါတယ်။ (NVS-004)

24 Sep

ADVERTISE HERE .