“လာလီဂါမှာ မှတ်တမ်းကောင်းရယူနိုင်ခဲ့တဲ့ လီဝန်ဒေါ့စကီး”
24 Sepစက်တင်ဘာလ ၂၂ ရက်က စပိန်လာလီဂါပွဲစဉ် (၆)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီလာရီးယဲလ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၅ဂိုး၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါမှတ်တမ်းကောင်းများကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက နည်းပြသစ် ဟန်ဆီဖလစ် လက်အောက် ၂၀၂၄-၂၅ ရာသီ လာလီဂါပွဲစဉ် ၆ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲနှင့်အတူ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်နေပြီး ၂၀၁၇-၁၈ ရာသီ နောက်ပိုင်း လာလီဂါရာသီအဖွင့် အကောင်းဆုံးမှတ်တမ်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက နည်းပြဟောင်း ဗယ်လ်ဗာဒီ လက်ထက် ၂၀၁၇-၁၈ ရာသီမှာက လာလီဂါရာသီ အဖွင့်ပွဲစဉ် ၇ ပွဲဆက်တိုက်ကို အနိုင်ယူခဲ့ပြီးနောက် ယခုရာသီတွင် ၆ ပွဲဆက် အနိုင်ရလဒ်နှင့်အတူ ၇ နှစ်အတွင်း အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်မှတ်တမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းက ယခုရာသီ လာလီဂါပွဲစဉ် ၆ ပွဲကစားပြီးချိန်မှာ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂၁ ရာစုအတွင်း အသင်းရဲ့ လာလီဂါရာသီအဖွင့် သွင်းဂိုးအများဆုံးစံချိန်မှတ်တမ်းဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းအတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ပိုလန်နိုင်ငံသား လီဝန်ဒေါစကီးကလည်း ကစားသမားဘဝ လာလီဂါသွင်းဂိုး ၄၈ ဂိုးအထိရှိလာခဲ့ပြီး ဂျာအာဘန်ရဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ပိုလန်ကစားသမားစံချိန်မှတ်တမ်းကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းအတွက် ၃ ရာသီအတွင်း လာလီဂါပွဲစဉ် ၇၅ ပွဲ ကစားခဲ့ရပြီး ၄၈ ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)