“ဂိုးသမား တာစတီဂန် ရဲ့ဒဏ်ရာ ပြင်းထန်ဖွယ်ရှိ”

24 Sep

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ် က ဗီလာရီးရဲလ်အသင်းနဲ့ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရခဲ့တဲ့ ဂိုးသမား တာစတီဂန် ရဲ့ဒဏ်ရာက ပြင်းထန်ဖွယ်ရှိတယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ၅ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဂိုးသမားတာစတီဂန်က ဒဏ်ရာကြောင့် ပွဲချိန် ၄၅ မိနစ်မှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ သတင်းတွေရဲ့အဆိုအရ တာစတီဂန် ဟာ ဒဏ်ရာရပြီးချင်းမှာတင် ဗီလာရီးရဲလ်အသင်းရဲ့ အိမ်ကွင်းအနီးမှာ ရှိတဲ့ ဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ဆေးစစ်ချက်အဖြေကို စောင့်ဆိုင်းရဦးမှာ ဖြစ်ပေမယ့် တာစတီဂန်ရဲ့ဒဏ်ရာက ပြင်းထန်ဖွယ်ရှိတယ်လို့ နည်းပြ ဟန်ဆီဖလစ် က ပြောကြားခဲ့ပါတယ်။ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရခဲ့တာက ကောင်းမွန်တယ်ဆိုပေမယ့် ဂိုးသမား တာစတီဂန် ဒဏ်ရာရခဲ့တာကိုတော့ စိတ်ပျက်မိတယ်လို့ နည်းပြဟန် ဆီဖလစ် က ဆက်လက် ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် လာလီဂါ ပွဲစဉ် ၆ ပွဲကစားပြီးချိန်မှာ ၆ ပွဲလုံး အနိုင်ရရှိ ခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ (NVS 008.)

24 Sep

ADVERTISE HERE .