“ယူကရိန်းပဋိပက္ခ ၂၀၂၆ ခုနှစ်နောက်ပိုင်းအထိ ဆက်ဖြစ်နိုင်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ခန့်မှန်း”
24 Sepယူကရိန်း ပဋိပက္ခသည် ၂၀၂၆ ခုနှစ်နောက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး က ခန့်မှန်းထားသည်။ ဗြိတိန်အစိုးရအနေဖြင့် အဆိုပါ ပဋိပက္ခဖြစ်ပွားနေသမျှကာလတစ်လျှောက် ယူကရိန်း အတွက် စစ်ရေးအကူအညီများ အဖြစ် နှစ်စဉ် ပေါင် ၃ ဘီလီယံ ထောက်ပံ့ပေးသွားမည်ဟု ကတိပြု ကြောင်း နိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာလ ၂၂ ရက်တွင် ပြုလုပ်သော လေဘာပါတီညီလာခံ၌ ပြောခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ရုရှားနိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခသည် လာမည့်နှစ်များအတွင်း ပိုမို ပြင်းထန်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောထားသည်။ အနောက်အုပ်စုမှ နိုင်ငံများအနေဖြင့် ယူကရိန်းအား စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးနေသမျှ ပဋိပက္ခချုပ်ငြိမ်းမည် မဟုတ်ကြောင်း ရုရှားက သတိပေးထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
24 Sep