“နျူကလီးယား စမ်းသပ်မှုကို အမေရိကန်ဘက်က မစတင်သမျှ ရုရှားကလည်း လုပ်ဆောင်မည်မဟုတ်ဟု ဆို”

24 Sep

နျူကလီးယား လက်နက်စမ်းသပ်မှုကို အမေရိကန်ဘက်က မစတင်သမျှကာလပတ်လုံး ရုရှားကလည်း လုပ်ဆောင်မည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လက်နက်ထိန်းချုပ်ရေး တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၃ ရက်တွင် ပြောသည်။ အမေရိကန်နှင့်ဥရောပမဟာမိတ်အဖွဲ့များက ယူကရိန်းကို ထောက်ပံ့ပေး ထားသည့် လက်နက်များဖြင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ခွင့်ပြုပြီးနောက် ရုရှား က နျူကလီးယား လက်နက်စမ်းသပ်မှုများကို လုပ်ဆောင်လာနိုင်သည်ဟူသော ပြောဆိုချက်များအပေါ် ရုရှားတာဝန်ရှိသူက ယခု ကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ထို့ပြင် ပူတင် ကလည်း ယူကရိန်းပဋိပက္ခတွင် အနိုင်ရရှိရေးအတွက် နျူကလီးယားလက်နက်ကို အသုံးပြု ရန် မလိုအပ်ကြောင်း ပြောထားသည်။ ရုရှားနိုင်ငံ၏နျူကလီးယားစမ်းသပ်ရာနေရာ ဖြစ်သည့် နိုဗာယာဇမ်လိုင်ယာ မှ အကြီးအကဲ က နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ရန်အသင့်ဖြစ်နေပြီဖြစ်သည်ဟု ထုတ်ပြန်ပြီးနောက် ရုရှား တာဝန်ရှိသူများက ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။ အလားတူ နျူကလီးယားစမ်းသပ်ရာနေရာကို အသင့် ပြင်ဆင်ထားခြင်းသည် အမေရိကန်နိုင်ငံ၏နျူကလီးယားစမ်းသပ်မှု အခြေခံအဆောက်အဦများအား အဆင့်မြှင့် တင်မှုများ လုပ်ဆောင်ချက်များကို တုံ့ပြန်နိုင်ရေးအတွက် အသင့်ရှိနေသည့် သဘောဖြစ်ကြောင်း ရုရှားလက်နက် ထိန်းချုပ်ရေးမူဝါဒအကြီးအကဲ ဖြစ်သည့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။

24 Sep

ADVERTISE HERE .