“ကလောမြို့ပေါ်မှာ ၈၅ ရာခိုင်နှုန်းခန့် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်”

24 Sep

ရေကြီးမြေပြိုမှုများ ဖြစ်ခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းများအတွက် မြို့ပေါ်မှာ ၈၅ ရာခိုင်နှုန်းခန့် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ရေကြီးမြေပြိုမှုများ ဖြစ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၁ ရက်မှစတင်ကာ ကလောမြို့ပေါ်ရှိ လျှပ်စစ်မီးအသုံးပြုသူ ၈၅ ရာခိုင်နှုန်းကို ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကလောမြို့နယ်မှာ ရေကြီးရေလျှံမှုများကြောင့် ၃၃ ကေဗွီ ရေပေါင်းစုံ-ပြည်ညောင်-နမ့်ပန်တက် ဓာတ်အား လိုင်း ၅ မိုင်ခန့်၊ ၁၁ ကေဗွီလိုင်း ၁ ဒသမ ၃ မိုင်ခန့်၊ ၄၀၀ ဗို့ဓာတ်အားလိုင်း ၀ ဒသမ ၈၅ မိုင်ခန့် ယိုင်လဲပျက်စီးခဲ့ပြီး ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ၁၀ လုံးခန့်နှင့် ၄၀၀ ဗို့ Panel ၇ လုံးခန့် ရေနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ (NVS 003)

24 Sep

ADVERTISE HERE .