“စက်မှုကုန်ချောကဏ္ဍမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှ အမေရိကန်ဒေါ်လာ ၇၅ သန်း ရရှိထား”

24 Sep

လက်ရှိဘဏ္ဍာနှစ် ၅ လအတွင်း ပြည်တွင်းစက်မှုကုန်ချောကဏ္ဍမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၅ သန်း ရရှိထားတယ်လို့ သိရပါတယ်။ ဧပြီလမှ ဩဂုတ်လအထိ စက်မှုကုန်ချောကဏ္ဍတွင် ပြည်ပကုမ္ပဏီ ၂၃ ခုမှ အထည်ချုပ်ကဏ္ဍ၌ အဓိကရင်းနှီး မြှုပ်နှံမှုပြုလုပ်ထားတယ်လို့ သိရပါတယ်။ ယခုကာလအတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍက အမေရိကန် ဒေါ်လာ ၈၃ သန်းနဲ့ အများဆုံးရင်းနှီးမြှုပ်နှံထားပြီးနောက် စက်မှုကုန်ချောကဏ္ဍက အမေရိကန်ဒေါ်လာ ၇၅ သန်း၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍက အမေရိကန်ဒေါ်လာ ၄၄ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကာလအတွင်း နိုင်ငံပေါင်းခုနှစ်နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ စီမံကိန်း ၂၆ ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၂၀၇ သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ (NVS 003)

24 Sep

ADVERTISE HERE .