“ဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန် ၂,၆၀၀ ကျော်တင်ပို့နိုင်ခဲ့”

23 Sep

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများစွာ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ငါးလတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၂,၆၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ငါးလတာကာလအတွင်း ပြည်ပသို့ ပုံမှန်ကုန်သွယ်တင်ပို့မှုမှ ပုစွန်မက်ထရစ်တန်ချိန် ၂,၁၄၁ ဒသမ ၃၈၇ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၅ သန်းရရှိကာ နယ်စပ်ကုန်သွယ်တင်ပို့မှုမှ ပုစွန်မက်ထရစ်တန်ချိန် ၄၆၄ ဒသမ ၅၄ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၂၆ သန်းရရှိခဲ့သဖြင့် စုစုပေါင်း ပုစွန်မက်ထရစ်တန်ချိန် ၂,၆၀၅ ဒသမ ၉၂၇ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၈၁ သန်းရရှိခဲ့ပါတယ်။ ပြည်တွင်းမှထွက်ရှိတဲ့ ငါး၊ ပုစွန် ရေထွက်ကုန်များကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိသည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

23 Sep

ADVERTISE HERE .