“ အာဆင်နယ်ကစားသမား ၇ ဦးအထိထုတ်ပယ်ထားတဲ့ ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာ”
23 Sepမန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်း တို့ပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ က ကိုင်တွယ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းကစားသမား ထရော့ဆက် ကို ပထမပိုင်းပွဲပြီးခါနီးမှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ မိုက်ကယ် အိုလီဗာ ဟာ ဒိုင်လူကြီးသက်တမ်းအတွင်း အာဆင်နယ်ကစားသမား ၇ ဦးကို ထုတ်ပယ်ခဲ့ပြီး အခြားအသင်းများထက် ပိုမိုများပြားတဲ့ အရေအတွက်ဖြစ်တယ်လို့ သိရပါတယ်။ ထရိုဆက်ဒ် ကို ဒုတိယအဝါကတ် ပြသခဲ့ခြင်းမှာ ပြစ်ဒဏ်ဘောအဖြစ် ခရာမှုတ်ပြီးချိန်၌ ဘောလုံးကိုကန်ထုတ်ခဲ့ခြင်းကြောင့်လို့ အကြောင်းပြခဲ့ပေမယ့် မိုက်မဲတဲ့ ဆုံးဖြတ်ချက်ဟု ဝေဖန်ပြစ်တင်သူများစွာ ရှိခဲ့ပါတယ်။ (NVS 008)
23 Sep