“ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ စံချိန်သစ်တစ်ခုထပ်တင်ပြန်တဲ့ ဟာရီကိန်း”

23 Sep

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်း က ၀ါဒါဘရီမင်အသင်းနှင့်ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုးသွင်းယူ ပြီးတဲ့နောက် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဂိုးအများဆုံး အင်္ဂလိပ်ကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်က ယှဉ်ပြိုင်ကစားတဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ် ၄ မှာ ဘိုင်ယန်မြူးနစ်အသင်းက ၀ါဒါဘရီမင်အသင်းအား အဝေးကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲမှာ ဟာရီကိန်း က ပွဲချိန် ၅၇ မိနစ်မှာသွင်းတစ်ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဟာရီကိန်း ဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ပွဲစဉ် ၃၆ ပွဲကစား၊ ၄၁ ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပြီး ဒေါ့မွန်အသင်းကစားသမားဟောင်း ဂျေဒန်ဆန်ချို တင်ရှိထားသည့် ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ဂိုးအများဆုံး အင်္ဂလိပ်ကစားသမားစံချိန်ကို ကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

23 Sep

ADVERTISE HERE .