“ပြိုင်ပွဲစုံ ၁၀၅ ပွဲနဲ့ ဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဟာလန်း”

23 Sep

မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဟာလန်း က အာဆင်နယ်အသင်းနှင့်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးဟာ ဟာလန်း အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၀၀ ပြည့်မြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး စီရော်နယ်ဒို ရဲ့ပွဲအနည်းဆုံးနဲ့ ဂိုး ၁၀၀ ပြည့်တဲ့စံချိန်ကို လိုက်မီသွားခဲ့တာ ဖြစ်ပါတယ်။ ဟာလန်း က မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၅ ပွဲကစားအပြီးမှာ ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး စီရော်နယ်လ်ဒို က ရီးရဲလ်အသင်းတွင် ကစားစဉ်က သွင်းဂိုး ၁၀၀ ပြည့်မြောက်ရန် ၁၀၅ ပွဲသာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါစံချိန်မှာ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ ၅ ခုမှာ ပွဲအနည်းဆုံးနဲ့ ဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့ စံချိန်တစ်ခုဖြစ်ပြီး ယခုအခါ ဟာလန်းက စီရော်နယ်လ်ဒိုနှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဟာလန်း ဟာ အင်တာမီလန်နှင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပါက စီရော်နယ်လ်ဒိုရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်မည့် အခွင့်အရေးရှိခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ (NVS 008)

23 Sep

ADVERTISE HERE .