“မန်စီးတီးအသင်းရဲ့ နောက်ကျဂိုးကြောင့် သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်အသင်း”

23 Sep

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်စူပါဆန်ဒေးမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ တစ်ဖက် နှစ်ဂိုးစီနဲ့ သရေ လဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ နှစ်ဖက်အသင်းရဲ့ အပြန်အလှန်တိုက်စစ်တွေကို တွေ့မြင်ခဲ့ပြီး အိမ်ရှင် မန်စီးတီးအသင်း အတွက် ဟာလန်း က ပွဲစပြီး ၉ မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ချေပဂိုးကို ကာလာဖီအိုရီ က ပွဲချိန် ၂၂ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သလို ပထမပိုင်းပွဲခါနီးအချိန်ပိုမှာ ဂါဘရီရယ် က ဦးဆောင်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲပြီခါနီးမှာ ထရော့ဆက် က နှစ်ဝါတစ်နီ နဲ့ ထွက်ခဲ့ရပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ အာဆင်နယ်အသင်းက အိမ်ရှင်မန်စီးတီအသင်းကို ကစားသမား ၁ ယောက်လျော့နဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပေမယ့် နာကျင်ပိုမတိုင်ခင်အထိ အာဆင်နယ်အသင်းက ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အခုပွဲအတွက် အရေးကြီးတဲ့ အချေပဂိုးကိုတော့ နာကျင်အချိန်ပိုမှာ ဂျွန်စတုန်း က သွင်းယူပေးနိုင်ခဲ့တာကြောင့် အိမ်ရှင်မန်စီးတီးအသင်းက သရေတစ်မှတ် ပြန်လည်ရယူနိုင်ခဲ့ပြီး အာဆင်နယ်အသင်းကတော့ ရမှတ်နှစ်မှတ်ကို ဆုံးရှုံးခဲ့ရပါတယ်။ (NVS 008)

23 Sep

ADVERTISE HERE .