“တရုတ် - အာဆီယံကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံမှ ပြခန်း ၈၄ ခန်းပါဝင်ပြသမည်”

23 Sep

(၂၁) ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံမှ ပြခန်း ၈၄ ခန်း ပါဝင်ပြသသွားမယ်လို့ သိရပါတယ်။ အဆိုပါပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာ စက်တင်ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အခုပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်မယ်လို့ သိရပါတယ်။ အဆိုပါ ကုန်စည်ပြပွဲကို ချစ်ကြည်ရင်းနှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုအကျိုးကျေးဇူးရရှိရန်၊ တရုတ် - အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ ၃ ဒသမ ၀ ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန်နှင့် တရုတ် - အာဆီယံ ဒေသတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ (၂၁) ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲမှာ ဆန်စပါးကဏ္ဍ၊ အာရေဗီကာကော်ဖီ (Arabica Coffee) ကဏ္ဍ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ခင်းကျင်း ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

23 Sep

ADVERTISE HERE .