“တာချီလိတ်မြို့ပြန်လည်ထူထောင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုလုပ်”

23 Sep

စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်မြို့တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တာချီလိတ်မြို့တွင် ရေပြန်ကျပြီးတင်ကျန်နေသော နုန်းများ၊ ရွှံ့များရှင်းလင်းလျက်ရှိပေမယ့် နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိတာကြောင့် အမြန်ဆုံးပြင်ဆင်နိုင်ရန်အတွက် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီးဌာနဝန်ကြီးက တိုက်တွန်း ပြောကြားခဲ့ပါတယ်။ တာချီလိတ်မြို့မှာ လမ်းပန်းဆက်သွယ်ရေးနှင့်သွားလာမှုလွယ်ကူစေရေးဆောင်ရွက်ရာမှာ စက်ယန္တယားများ နှင့် လိုအပ်တာများကို ဌာနဆိုင်ရာများပေါင်းစပ်ညှိနှိုင်းကာ နေ့၊ ည အလှည့်ကျဆောင်ရွက်ကြရန်နှင့် လုပ်ဆောင်ရ မည့်များကို သတ်မှတ်ချက်အလိုက်တိတိကျကျတာဝန်ခွဲဝေ ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ အခုလို တာချီလိတ်မြို့ရဲ့ လျှပ်စစ်မီးလင်းရေးကဏ္ဍ၊ ရေပေးဝေရေးကဏ္ဍ၊ အမှိုက်၊ နွံ၊ ရွှံ့ တို့ကို စနစ်တကျ စွန့်ပစ်ရေးကဏ္ဍ၊ သန့်ရှင်းရေးပြုလုပ်ရာမှာ ဦးစားပေးဆောင်ရွက်လျက်ရှိတဲ့ နေရာများရဲ့ အခြေအနေ၊ တာလော့ရပ် ကွက်ရှိ ရေဝင်ပေါက်ဖြစ်သော အမှတ်(၁) ချစ်ကြည်ရေးတံတားရေထိန်းနံရံကို သဲအိတ်များကာရံနေမှု၊ မယ်ခေါင် ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းမှာ ရေတိုက်စားကာ လမ်းသားများမပျက်စီးစေရန် သဲအိတ်ကာရံနေမှု မြေဖို့နေမှု၊ သဲနှုန်းများရှင်းလင်းရန်ကျန်ရှိသော မြို့တွင်းလမ်းများကို ဆက်လက်ဆောင်ရွက်ရန်အတွက် ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် တာချီလိတ်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လိုအပ်ချက်များနှင့် အကူအညီများကို မြို့တာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများက တင်ပြခဲ့ကြပါတယ်။ (NVS 008)

23 Sep

ADVERTISE HERE .