“ကရင်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲမှ ကျပ်သိန်း ရှစ် ထောင်ကျော်ရရှိခဲ့”

23 Sep

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့်ပြည်လည်ထူထောင်ရေးတို့အတွက် စက်တင်ဘာလ ၂၁ ရက်က အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာကျင်းပပြုလုပ်ခဲ့ပြီး အလှူငွေကျပ်သိန်း ရှစ် ထောင် ကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး က စေတနာရှင်၊အလှူရှင် ၂၄၆ ဦးရဲ့ အလှူငွေများကို လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ တယ်လို့ သိရပါတယ်။ အလှူငွေပေးအပ်ပွဲမှာ ရေဘေးသင့်ပြည်သူများအတွက် ပြည်နယ်ဝန်ကြီးချုပ်မိသားစု၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များနှင့် မိသားစုများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အစုအဖွဲ့လိုက်တို့မှ လှူဒါန်းခဲ့ကြပါတယ်။ (NVS 008)

23 Sep

ADVERTISE HERE .