“ရေဝင်ရောက်မှုကြောင့် ပျက်စီးမှုများရှိခဲ့တဲ့ ထမ်းစမ်းဂူကို ပြန်လည်ပြင်ဆင်သွားမည်”

23 Sep

မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ရာမှာ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ ထမ်းစမ်းဂူအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အခုလို ရေဝင်ရောက်မှုကြောင့် ဂူအတွင်းမှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့တာကြောင့် ရေများပြန်လည် ကျဆင်း သွားချိန်မှာ ပြန်လည်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် တာဝန်ရှိသူများက စက်တင်ဘာလ ၂၂ ရက်မှာ ကြည့်ရှု စစ်ဆေးမှုများပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါထမ်းစမ်းဂူမှာ သြဂုတ်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူအတွင်းသို့ ရေများဝင်ရောက်ခဲ့မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

23 Sep

ADVERTISE HERE .