ဒီဇင်ဘာလမတိုင်မီ ကစားသမားဘဝမှ အနားယူတော့မယ့် နာဗက်

22 Sep

ဆီဗီလာအသင်း ခံစစ်ကစားသမား နာဗက် ဟာ ရရှိထားတဲ့ ဒဏ်ရာ‌တွေပျောက်ကင်းဖို့ ကြာရှည်နေတာ ကြောင့် ဒီဇင်ဘာလမတိုင်မီမှာ ဘောလုံးသမားဘဝမှ အနားယူရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ နာဗက် ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ စပိန်အသင်းကစားသမားစာရင်းမှာ ရွေးချယ် ခံခဲ့ရပြီးနောက် အသင်းနဲ့အတူ ဆုဖလားရယူနိုင်ခဲ့ကာ ယခုနှစ်ဘောလုံးရာသီမှာ ဆီဗီလာအသင်းနဲ့ ပါဝင်ကစားဖို့ ဆန္ဒရှိနေပြီး ဘောလုံးရာသီကုန်ဆုံးမှသာ အနားယူရန် စီစဉ်ထားတာ ဖြစ်ပါတယ်။ ရရှိထားတဲ့ ဒဏ်ရာက ပျောက်ကင်းရန် ခက်ခဲနေတာကြောင့် အချိန်စော၍ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နာဗက် ဟာ ၂၀၀၃ ခုနှစ်တွင် ဆီဗီလာအသင်းနဲ့ ကစားသမားဘဝစတင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့လို့ ၂၀၁၃ ခုနှစ်တွင် မန်စီးတီအသင်းသို့ရောက်ရှိခဲ့ကာ စာချုပ်ကုန်ဆုံးချိန် ၂၀၁၇ ခုနှစ်တွင် ဆီဗီလာအသင်းသို့ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝ ပြိုင်ပွဲစုံ ၈၃၁ ပွဲကစားကာ သွင်းဂိုး ၄၃ ဂိုးသွင်းယူခဲ့ပြီး ယူအီးအက်ဖ်အေစူပါဖလားတစ်ကြိမ်၊ ကိုပါဒယ်ရေးဖလားနှစ်ကြိမ်၊ ယူရိုပါလိဂ်ဖလားငါးကြိမ်၊ ကာရာဘောင် ဖလားသုံးကြိမ်နဲ့ ပရီးမီးယားလိဂ်ဖလားတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။(NVS 008)

22 Sep

ADVERTISE HERE .