ဩစတေးလျအသင်းက ဒေါ့မွန်အသင်းနည်းပြဟောင်း ဝဂ်နာ ကို နည်းပြခန့်အပ်ရန် ဆွေးနွေး

22 Sep

ဩစတေးလျအသင်းက ဥရောပကလပ်အသင်းများဖြစ်တဲ့ ဒေါ့မွန်၊ ဟက်ဒါဖီးလ်နဲ့ နော့ဝှစ်အသင်းတို့မှာ နည်းပြတာဝန်ယူခဲ့တဲ့ နည်းပြဟောင်း ဝဂ်နာ ကို နည်းပြသစ်ခန့်အပ်ရန် ရွေးချယ်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရပါတယ်။ ဩစတေးလျအသင်းကို တာဝန်ယူနေတဲ့ နည်းပြ အာနိုး က အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တတိယအဆင့်တွင် ဘာရိန်းအသင်းကို အိမ်ကွင်း၌ ရှုံးနိမ့်ခဲ့ပြီးနောက် ပုံစံကောင်းရရှိရန် ရုန်းကန်နေခဲ့ရလို့ နည်းပြ အာနိုး ကို ရာထူးမှ ထုတ်ပယ်ပြီး ဥရောပပြိုင်ပွဲ အတွေ့အကြုံကောင်းများရှိတဲ့ နည်းပြ ဝဂ်နာ ကို ခန့်အပ်နိုင်ရန် ဦးစားပေး ကြိုးပမ်း နေခြင်းဖြစ်ပါတယ်။ လက်ရှိမှာ ဩစတေးလျအသင်းက လက်ထောက်နည်းပြကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပြီး အောက်တိုဘာလအတွင်းမှာ တရုတ်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို ယှဉ်ပြိုင်ရန် ပြင်ဆင်နေတာဖြစ်ပါတယ်။(NVS 008)

22 Sep

ADVERTISE HERE .